Author Archives: RRD
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(Emergency Operation Center – EOC) သို့ လာရောက်ကြည့်ရှု၍ EOC ရှိစက်ပစ္စည်းကိရိယာများ အသုံးပြုခြင်းကို စမ်းသပ်ဆက်သွယ်ဆောင်ရွက်စဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် (၂၀၁၆) ခုနှစ်၊ ဧပြီလ (၇) ရက်နေ့၊ နံနက် (၁၁:ဝ၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ ဘေးမဖြစ်ပွားမီ ပုံမှန်ချိန်များတွင် မိုးလေဝသအခြေအနေသတင်းများနှင့် အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို စောင့်ကြည့်လေ့လာမှုအခြေအနေများ၊ ပြည်သူလူထုထံ သတင်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးအတွက် လူမှုကွန်ယက်များဖြစ်သည့် ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘုတ်တို့မှ သတင်းအချက်အလက်ဖြန့်ဝေမှုများကို လာရောက် ကြည့်ရှုလေ့လာခဲ့ပါသည်။ ထို့အပြင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် တပ်ဆင်ထားသည့် Single Side Band … Read more
-
ပဲခူးတိုင်းဒေသကြီးအတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၅) စုရှိ ကျေးရွာ (၁၇) ရွာတို့၌ (၁-၄-၂၀၁၆) ရက်နေ့၊ (၁၆:၃၀) အချိန်တွင် လေဘေးဖြစ်ပွားခဲ့မှုကြောင့် နေအိမ် (၁၁) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၁၃၆) လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၁၄၇) စုမှ ကျား (၂၇၇) ဦး၊ မ (၂၉၆) ဦး၊ လူဦးရေ စုစုပေါင်း (၅၇၃) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ … Read more
-
မန္တလေးတိုင်းဒေသကြီးအတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ မန္တလေးတိုင်းဒေသကြီး၊ မြင်ခြံမြို့နယ်၊ ရပ်ကွက် (၁) ခုနှင့် ကျေးရွာ (၆) ရွာတို့၌ (၅-၄-၂၀၁၆) ရက်နေ့၊ (၁၉:၃၀) အချိန်တွင် လေဘေးဖြစ်ပွားခဲ့မှုကြောင့် နေအိမ် (၃၂) လုံး ပြိုကျပျက်စီးပြီး၊ နေအိမ် (၈၂) လုံး အမိုးလန်ပျက်စီး၍ စာသင်ကျောင်း (၅) ကျောင်း ပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု (၁၁၄) စုမှ လူဦးရေ စုစုပေါင်း (၅၄၀) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ … Read more
-
မကွေးတိုင်းဒေသကြီးအတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း၌ (၅-၄-၂၀၁၆) ရက်နေ့၊ (၀၈:၄၀) အချိန်တွင် လေဘေးဖြစ်ပွားခဲ့ရာ နေအိမ် (၂၃) လုံးပြိုကျပျက်စီး၍ နေအိမ် (၁၉၆) လုံး၊ အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ် (၂၁၉) လုံး၊ အိမ်ထောင်စု (၂၁၉) စုမှ လူကြီး(၈၇၆) ဦး၊ ကလေး (၄၃၈) ဦး၊ လူဦးရေ စုစုပေါင်း (၁၃၁၄) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး ဒေါ်ငယ် (၆၅) နှစ် (ဘ) ဦးဘလှိုင်သည် ပေပင်ပိ၍ သေဆုံးခဲ့ပါသည်။ ၂။ အဆိုပါဘေးအတွက် … Read more
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ မိုးခေါင်ရေရှားဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်းသည့်အစီရင်ခံစာအမှတ်စဉ် (၁) ကို (၂၉-၃-၂၀၁၆) ရက်နေ့တွင် အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
မိုးခေါင်ရေရှားဘေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးချက်နှင့် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်းသည့်အစီရင်ခံစာအမှတ်စဉ် (၁)
-
မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
လယ်ဝေးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် (၂-၄-၂၀၁၆) ရက်နေ့၊ (၁၅:၃၀) နာရီတွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ် (၂) လုံး၊ သက်ကယ်မိုးထရံကာ နေအိမ် (၅) လုံး စုစုပေါင်းနေအိမ် (၇) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၇) စုမှ လူကြီး (၂၂) ဦး၊ ကလေး (၈) ဦး စုစုပေါင်း (၃၀) ဦးဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် (၃-၄-၂၀၁၆) ရက်နေ့ … Read more
-
ထူးခြားမြစ်ရေအခြေအနေသတင်းအပေါ် လိုက်နာဆောင်ရွက်ရန် အသိပေးခြင်း
၁။ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့်ထူးခြားမြစ်ရေအခြေအနေသတင်းမှာ ပူးတွဲပါအတိုင်းဖြစ်ပါသည်။ ၂။ အဆိုပါ ထူးခြားမြစ်ရေအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီမြစ်ရေတက်မှုများသည် ဧပြီလ (၅) ရက်နေ့မှ နောက်ထပ် (၁၀) ရက်အတွင်း မြစ်ရေများ (၂) ပေ၊ (၃) ပေခန့် တက်လာနိုင်သဖြင့် ဧရာဝတီမြစ်ကမ်းသဲသောင်ခုံများတွင် နေထိုင်သူများအနေဖြင့် မြစ်ရေအခြေအနေအားစဉ်ဆက်မပြတ် နေ့ညကင်းများချထား၍ ဂရုပြုစောင့်ကြည့်ကြပါရန်၊ ဘေးအန္တရာယ်ကြုံတွေ့လာလျှင် အမြန်ရှောင်တိမ်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊ ရွှေ့ပြောင်းနေရာများရွေးချယ်ထားခြင်းနှင့် ကူညီထောက်ပံ့ရန်လိုအပ်ပါက အောက်ပါ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ … Read more
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၁။ မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိရာ (၉-၃-၂၀၁၆) ရက်နေ့မှ (၁၀-၃-၂၀၁၆) ရက်နေ့အထိ နေပြည်တော်(ရုံးချုပ်)၌ အလှူငွေ လက်ခံရရှိမှုမရှိပါ။ ၂။ ယခင်လက်ခံရရှိထားခဲ့သော အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ကို မြန်မာငွေဖြင့် လဲလှယ်ခြင်းမှ ရရှိငွေကျပ် (၃၆,၆၃၂,၆၀၀) နှင့် မကွေးတိုင်းဒေသကြီး၊ ဖျောက်ဆိပ်ကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်းမှ ပိုငွေကျပ် (၃,၃၀၀,၀၀၀) ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ငွေကျပ် (၃၀၀,၀၀၀)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်ဆည်မြို့မှငွေကျပ် (၅၀၀,၀၀၀)၊(OA-011834)စာရင်းသို့ အောင်လံမြို့ရှိ အလှူရှင်မှငွေကျပ် … Read more
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း
၁။ မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိရာ (၈-၃-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ အားကစားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုမှ ငွေကျပ် (၃,၀၉၃,၀၀၀) ကို လာရောက်လှူဒါန်းခဲ့ပါသည်။ ၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ ငွေကျပ် (၁,၆၀၀,၀၀၀)၊ ဦးမျိုးဟန်+ဒေါ်မအော် (သား) ကိုဖိုးဇော်မှ ငွေကျပ် (၆၅,၀၀၀)၊ ဒေါ်ရီဝင်း (မိသားစု) မှ ငွေကျပ် (၅၀,၀၀၀)၊ ဦးသန်းထွဋ်+ဒေါ်မူမူ (မိသားစု) မှ ငွေကျပ် (၁၀၀,၀၀၀)၊ (OA-011384) စာရင်းသို့ … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် အမျိုးသမီးများနှင့် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအား စစ်ဆေးမှုသတင်း
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်လ (၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းသို့ ရောက်ရှိပြီး မျက်မမြင်စာ သင်ကြားပေးနေမှုနှင့် မျက်မမြင် အကြောပြင် အနှိပ်ပညာသင်ကြားနေမှု အပါအဝင် အမြင်အာရုံချို့တဲ့သူများအား ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ သင်ကြားရေးနှင့် တတ်မြောက်ထားသော ပညာရပ်များဖြင့် အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေး စသည့် မျက်မမြင်သူများအား ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပါသည်။ ထို့နောက် မန္တလေးမြို့သို့ သွားရောက်၍ နားမကြားသော ကလေးများကျောင်းအား … Read more
