၁။ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့်ထူးခြားမြစ်ရေအခြေအနေသတင်းမှာ ပူးတွဲပါအတိုင်းဖြစ်ပါသည်။
၂။ အဆိုပါ ထူးခြားမြစ်ရေအခြေအနေနှင့် ပတ်သက်၍ ဧရာဝတီမြစ်ရေတက်မှုများသည် ဧပြီလ (၅) ရက်နေ့မှ နောက်ထပ် (၁၀) ရက်အတွင်း မြစ်ရေများ (၂) ပေ၊ (၃) ပေခန့် တက်လာနိုင်သဖြင့် ဧရာဝတီမြစ်ကမ်းသဲသောင်ခုံများတွင် နေထိုင်သူများအနေဖြင့် မြစ်ရေအခြေအနေအားစဉ်ဆက်မပြတ် နေ့ညကင်းများချထား၍ ဂရုပြုစောင့်ကြည့်ကြပါရန်၊ ဘေးအန္တရာယ်ကြုံတွေ့လာလျှင် အမြန်ရှောင်တိမ်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားခြင်း၊ ရွှေ့ပြောင်းနေရာများရွေးချယ်ထားခြင်းနှင့် ကူညီထောက်ပံ့ရန်လိုအပ်ပါက အောက်ပါ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
– ဦးသန်းထွဋ်ဆွေ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ၀၂-၃၉၄၅၇၊ ၀၉၄၃၁၂၀၈၆၇
– ဦးစဝီလီဖရန့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး ၀၇၁-၂၃၂၂၁၊ ၀၉၄၇၀၉၃၄၈၀
– ဦးမြင့်စိုး မကွေးတိုင်းဒေသကြီးဦးစီးမှူး ၀၆၃-၂၅၉၅၀၊ ၀၉၄၇၂၀၂၉၂၉
– ဦးသိန်းဌေးအောင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ၀၅၂-၂၂၃၀၁၉၃၊ ၀၉၄၃၀၅၄၂၆၁
– ဦးသန်းစိုး ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ၀၄၂-၂၁၀၆၁၊ ၀၉၄၉၀၀၀၂၉၀