၁။ မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိရာ (၉-၃-၂၀၁၆) ရက်နေ့မှ (၁၀-၃-၂၀၁၆) ရက်နေ့အထိ နေပြည်တော်(ရုံးချုပ်)၌ အလှူငွေ လက်ခံရရှိမှုမရှိပါ။
၂။ ယခင်လက်ခံရရှိထားခဲ့သော အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ကို မြန်မာငွေဖြင့် လဲလှယ်ခြင်းမှ ရရှိငွေကျပ် (၃၆,၆၃၂,၆၀၀) နှင့် မကွေးတိုင်းဒေသကြီး၊ ဖျောက်ဆိပ်ကုန်းကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်းမှ ပိုငွေကျပ် (၃,၃၀၀,၀၀၀) ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ငွေကျပ် (၃၀၀,၀၀၀)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောက်ဆည်မြို့မှငွေကျပ် (၅၀၀,၀၀၀)၊(OA-011834)စာရင်းသို့ အောင်လံမြို့ရှိ အလှူရှင်မှငွေကျပ် (၁၀၀,၀၀၀) တို့ကို လှူဒါန်းခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ (၁၀-၃-၂၀၁၆) ရက်နေ့ရရှိငွေမှာ ကျပ် (၄၀,၈၃၂,၆၀၀) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၁၀-၃-၂၀၁၆) ရက်နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာ ကျပ် (၃၀၃,၀၀၂,၈၅၀) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ်ပြီး၎င်းရရှိငွေများအနက် (၁၅-၂-၂၀၁၆) ရက်နေ့အထိ ရရှိငွေစုစုပေါင်း ကျပ် (၁၀၈,၇၃၂,၃၀၀) ကို နမ့်ဆန်မြို့သို့ ငွေကျပ် (၃၅,၁၇၀,၃၀၀) ကိုလည်းကောင်း၊ လပွတ္တာမြို့သို့ ငွေကျပ် (၄၃,၅၆၂,၀၀၀) ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဖျောက်ဆိပ်ကုန်းကျေးရွာမီးဘေးသို့ငွေကျပ် (၂၆,၇၀၀,၀၀၀) ကိုလည်းကောင်း၊ သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေးကော်မတီအသီးသီးသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆) ရက်နေ့မှ (၁၀-၃-၂၀၁၆) ရက်နေ့အထိ ထပ်မံရရှိခဲ့သည့်လက်ကျန်ငွေကျပ် (၁၉၄,၂၇၀,၅၅၀) ကိုလည်း ဆက်လက်လွှဲပြောင်းပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။