ပဲခူးတိုင်းဒေသကြီးအတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

၁။ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၅) စုရှိ ကျေးရွာ (၁၇) ရွာတို့၌ (၁-၄-၂၀၁၆) ရက်နေ့၊ (၁၆:၃၀) အချိန်တွင် လေဘေးဖြစ်ပွားခဲ့မှုကြောင့် နေအိမ် (၁၁) လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် (၁၃၆) လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၁၄၇) စုမှ ကျား (၂၇၇) ဦး၊ မ (၂၉၆) ဦး၊ လူဦးရေ စုစုပေါင်း (၅၇၃) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တန်ဖိုးငွေ (၁၃၄၈၄၀၆/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၁) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၃၆) အိမ်ထောင်စာတို့ကို (၆-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events