၁။ မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိရာ (၈-၃-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ အားကစားဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုမှ ငွေကျပ် (၃,၀၉၃,၀၀၀) ကို လာရောက်လှူဒါန်းခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီမှ ငွေကျပ် (၁,၆၀၀,၀၀၀)၊ ဦးမျိုးဟန်+ဒေါ်မအော် (သား) ကိုဖိုးဇော်မှ ငွေကျပ် (၆၅,၀၀၀)၊ ဒေါ်ရီဝင်း (မိသားစု) မှ ငွေကျပ် (၅၀,၀၀၀)၊ ဦးသန်းထွဋ်+ဒေါ်မူမူ (မိသားစု) မှ ငွေကျပ် (၁၀၀,၀၀၀)၊ (OA-011384) စာရင်းသို့ တိုက်ရိုက်လှူဒါန်းသည့် ပျဉ်းမနားမြို့ရှိ အလှူရှင်မှ ငွေကျပ် (၂၀,၀၀၀)၊ ဦးသန်းအောင်+ဒေါ်မေမေအေး (ရန်ကုန်မြို့) မှ ငွေကျပ် (၅၀၀,၀၀၀) တို့ကို လှူဒါန်းခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ (၈-၃-၂၀၁၆) ရက်နေ့ရရှိငွေမှာ ကျပ် (၅,၄၂၈,၀၀၀) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၈-၃-၂၀၁၆) ရက်နေ့အထိ လှူဒါန်းရရှိငွေစုစုပေါင်းမှာ ကျပ် (၂၆၂,၁၇၀,၂၅၀) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ်ပြီး ၄င်းရရှိငွေများအနက် (၁၅-၂-၂၀၁၆) ရက်နေ့အထိ ရရှိငွေစုစုပေါင်းကျပ် (၁၀၈,၇၃၂,၃၀၀) ကို နမ့်ဆန်မြို့သို့ ငွေကျပ် (၃၅,၁၇၀,၃၀၀) ကိုလည်းကောင်း၊ လပွတ္တာမြို့သို့ ငွေကျပ် (၄၃,၅၆၂,၀၀၀) ကိုလည်ကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဖျောက်ဆိပ်ကုန်းကျေးရွာ မီးဘေးသို့ ငွေကျပ် (၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ သက်ဆိုင်ရာပြန်လည်ထူထောင်ရေးကော်မတီအသီးသီးသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆) ရက်နေ့မှ (၈-၃-၂၀၁၆) ရက်နေ့အထိ ထပ်မံရရှိခဲ့သည့် လက်ကျန်ငွေကျပ် (၁၅၃,၄၃၇,၉၅၀) နှင့်အမေရိကန်ဒေါ်လာ (၃၀,၂၀၀) တို့ကိုလည်း ဆက်လက်လွှဲပြောင်းပေးပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။