မီးဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

2 1

 

လယ်ဝေးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်တွင် (၂-၄-၂၀၁၆) ရက်နေ့၊ (၁၅:၃၀) နာရီတွင် မီး‌ဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာနေအိမ် (၂) လုံး၊ သက်ကယ်မိုးထရံကာ နေအိမ် (၅) လုံး စုစုပေါင်းနေအိမ် (၇) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၇) စုမှ လူကြီး (၂၂) ဦး၊ ကလေး (၈) ဦး စုစုပေါင်း (၃၀) ဦးဘေးဒုက္ခကြုံတွေ့ခဲ့ရပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် (၃-၄-၂၀၁၆) ရက်နေ့ (၁၂:ဝ၀) နာရီတွင် မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် လယ်ဝေးမြို့ အမှတ် (၁) ရပ်ကွက်ရှိ မြွေရိုးကြီးကျောင်းတိုက်သို့သွားရောက်၍ ဝန်ကြီးဌာန မှ ထောက်ပံ့ပေးအပ်သော တန်ဖိုးကျပ် (၁၅၄၄၆၂) ရှိကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၄၅၀၀၀၀) နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၃၀၀၀) အားထောက်ပံ့ပေးအပ်ခဲ့ပြီး မီးဘေးသင့်ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events