မန္တလေးတိုင်းဒေသကြီးအတွင်း လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

၁။ မန္တလေးတိုင်းဒေသကြီး၊ မြင်ခြံမြို့နယ်၊ ရပ်ကွက် (၁) ခုနှင့် ကျေးရွာ (၆) ရွာတို့၌ (၅-၄-၂၀၁၆) ရက်နေ့၊ (၁၉:၃၀) အချိန်တွင် လေဘေးဖြစ်ပွားခဲ့မှုကြောင့် နေအိမ် (၃၂) လုံး ပြိုကျပျက်စီးပြီး၊ နေအိမ် (၈၂) လုံး အမိုးလန်ပျက်စီး၍ စာသင်ကျောင်း (၅) ကျောင်း ပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု (၁၁၄) စုမှ လူဦးရေ စုစုပေါင်း (၅၄၀) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တန်ဖိုးငွေ (၁၃၇၂၇၇၂/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၃၂) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၈၂) အိမ်ထောင်စာတို့ကို (၇-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ ပေးပို့လျက်ရှိကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events