၁။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း၌ (၅-၄-၂၀၁၆) ရက်နေ့၊ (၀၈:၄၀) အချိန်တွင် လေဘေးဖြစ်ပွားခဲ့ရာ နေအိမ် (၂၃) လုံးပြိုကျပျက်စီး၍ နေအိမ် (၁၉၆) လုံး၊ အမိုးလန်ပျက်စီးခဲ့ပြီး စုစုပေါင်းနေအိမ် (၂၁၉) လုံး၊ အိမ်ထောင်စု (၂၁၉) စုမှ လူကြီး(၈၇၆) ဦး၊ ကလေး (၄၃၈) ဦး၊ လူဦးရေ စုစုပေါင်း (၁၃၁၄) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး ဒေါ်ငယ် (၆၅) နှစ် (ဘ) ဦးဘလှိုင်သည် ပေပင်ပိ၍ သေဆုံးခဲ့ပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးမှ ဆန်ရိက္ခာဖိုး (၂,၇၅၉,၄၀၀/-) (ကျပ်နှစ်ဆယ့်ခုနစ်သိန်းငါးသောင်းကိုးထောင့်လေးရာတိတိ)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅,၀၇၀,၀၀၀/-) ကျပ်ငါးဆယ်သိန်းခုနစ်သောင်းတိတိ)၊ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)(ကျပ်တစ်သိန်းတိတိ)နှင့် တန်ဖိုးငွေ(၄,၈၃၂,၄၅၄/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၂၁၉) အိမ်ထောင်စာတို့ကို (၇-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။