Author Archives: admin
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ တာချီလိတ်ခရိုင်၊ ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်း (၂၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် မန္တလေးမြို့၊ မိဘမဲ့ကလေးပြုစုရေးဌာနသို့ ရောက်ရှိခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးပါသည်။ ထို့နောက် လားရှိုးမြို့သို့ရောက်ရှိပြီး ဧကလိမ်မိဘမဲ့ဂေဟာ၊ ရှမ်းမိဘမဲ့ဂေဟာနှင့် လားရှိုးလူငယ်သင်တန်းကျောင်းများသို့ သွားရောက်၍ အဝတ်အထည်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ တာချီလိတ် ခရိုင်၊ ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် … Read more
-
ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်သော အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာန အဆောက်အဦဒီဇိုင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက် အဖွင့်အမှာစကားပြောကြားခြင်း
အရေးပေါ်အခြေအနေကွပ်ကဲမှုဗဟိုဌာန အဆောက်အဦဒီဇိုင်းနှင့် စီမံခန့်ခွဲမှုပုံစံဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၈) ရက်နေ့၊ နံနက် (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင် တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယသမ္မတ ဦးဆောင်တဲ့ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီ (၁၁) ခုတို့ကို ဖွဲ့စည်းထားရှိပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှာ အရေးပေါ်အခြေအနေ စီမံကွပ်ကဲမှုဗဟိုဌာန (Emergency Operation Centre) … Read more
-
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ထောက်ပံ့ငွေပေးအပ်ခြင်း
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၅) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ငွေပျော်စံပြကျေးရွာတွင် သဘာဝဘေးဖြစ်ပွားပါက ခိုလှုံရာအဆောက်အအုံ (Community Shelter) အဖြစ် အသုံးပြုပြီး သဘာဝဘေးမဖြစ်ပွားခင် မူလတန်းကြိုကျောင်းအဖြစ် အသုံးပြုရန်အတွက် ထောက်ပံ့ငွေကျပ် သိန်း (၅၀၀) နှင့် သွပ်အချပ် (၅၀) တို့ကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ချာထံ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဘုန်းဆွေ၊ ဒေါ်စုစုလှိုင်တို့နှင့်အတူ ဒီဇင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် ဝန်ကြီးရုံးမေခလာခန်းမ၌ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration – IOM) မှ သံအမတ်ကြီး ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဘုန်းဆွေ၊ ဒေါ်စုစုလှိုင်တို့နှင့်အတူ ဒီဇင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration – IOM) မှ သံအမတ်ကြီး ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။ ယင်းသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှဆောင်ရွက်နေသော လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင် ခြင်း၊ နေရပ်ပြန်ပို့ခြင်းနှင့် … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် (၂၆-၁၁-၂၀၁၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်ခြင်း
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်း လူငယ် (ဆင့်ပွား) သင်တန်းကို (၂၆-၁၁-၂၀၁၄) နေ့မှ (၂၈-၁၁-၂၀၁၄) နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရပ်စောက်မြို့နယ်၌ (၂၆-၁၁-၂၀၁၄) နေ့ (၀၉း၀၀) နာရီတွင် ဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်(ညွှန်ကြားရေးမှူး) မှအဖွင့်မိန့်ခွန်းအားလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးမှ အဖွင့်အမှာစကားအားလည်းကောင်းပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၂) ဦးနှင့် သင်တန်းသား (၃၀) ဦး စုစုပေါင်း (၅၂) ဦးတက်ရောက်ခဲ့ကြပါသည်။
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှသဘာဝ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဌာန (ADPC) တို့ပူးပေါင်း၍ (၁၈-၁၁-၂၀၁၄) ရက်နေ့မှ (၂၀-၁၁-၂၀၁၄) ရက်နေ့အထိ နေပြည်တော် (Royal ACE) ဟိုတယ်တွင် “သဘာဝဘေးအန္တရာယ်အလွန် လိုအပ်ချက်များ အကဲ ဖြတ်ဆန်းစစ်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာရေးလုပ်ငန်းများ မြန်မာ နိုင်ငံအတွင်း လုပ်ဆောင်ချက်” သင်တန်းဖွင့်လှစ်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှသဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးဌာန (ADPC) တို့ပူးပေါင်း၍ (၁၈-၁၁-၂၀၁၄) ရက်နေ့ မှ (၂၀-၁၁-၂၀၁၄) ရက်နေ့အထိ နေပြည်တော် (Royal ACE) ဟိုတယ်တွင် “သဘာဝဘေးအန္တရာယ်အလွန် လိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ” ဆိုင်ရာသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်အလွန်လိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ချက် လုပ်ငန်းစဉ်မရှိခဲ့လျှင် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အလွယ်တကူ ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ သဘာဝဘေး အန္တရာယ်အလွန် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ လိပ်ဥကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ လိပ်ဥကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။ အစီအစဉ်အရ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန် ဝန်ကြီးဌာနအနေဖြင့် ဘိုကလေးမြို့နယ်၊ ချောင်းရဲကြီးကျေးရွာ အုပ်စု၊ ဇီးဖြူရွာမကျေးရွာတွင် မုန်တိုင်းဒဏ်ခံ အဆောက်အဦး(Cyclone Shelter) တည်ဆောက်ရန် (၇၅၀) … Read more
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ နို၀င်ဘာ (၁၉) ရက် နံနက် (၉) အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ တာပွန်မြို့တွင် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်း လူငယ်ဆင့်ပွား သင်တန်းအမှတ်စဉ် (၂/၂၀၁၄) သင်တန်းဖွင့်လှစ်ခြင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ နတ်တ လင်းမြို့နယ်ရှိ တာပွန်မြို့တွင် သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်း လူငယ်ဆင့်ပွားသင်တန်း အမှတ် စဉ် (၂/၂၀၁၄) ကို နို၀င်ဘာ (၁၉) ရက် နံနက် (၉) နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်း ဖွင့်ပွဲအား နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးဇော်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ရွာ လူထု အခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေး Community Based Disaster Risk Reduction (CBDRR) ဘေးအန္တရာယ်ကြုံတွေ့ရဖွယ်ရှိသော ရပ်ရွာလူထုများ၏ ထိခိုက်ခံလွယ်မှုလျော့ ပါးစေရေးနှင့် … Read more
-
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် နိုဝင် ဘာလ (၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် အစ္စရေးနိုင်ငံနှင့်ပူးပေါင်းပြီးလူအများထိခိုက်မှုနှင့်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်ခြင်း
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်၊ Royal ACE ဟိုတယ်၌ကျင်းပပြုလုပ်သော လူအများထိခိုက်မှု နှင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှားစကားပြောကြားရာ၌ လူထုလူတန်းစား မရွေး လူငယ်လူရွယ်များ၏ စေတနာ့ဝန်ထမ်းဆောင်ရွက်လိုစိတ်များကို အား ပေးမြှင့်တင်ပြီး သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းများကို တိုင်းဒေသကြီးနှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၆) ရက်နေ့မှ နိုဝင်ဘာလ (၉) ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူမှုစောင့်ရှောက်ရေးဝန်ထမ်းစေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်း (၂၀/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၆) ရက်နေ့တွင် ထားဝယ်မြို့၊ မူကြိုကျောင်း၌ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများကို နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ နိုဝင်ဘာလ (၇) ရက်နေ့တွင် ထားဝယ်မြို့၊ ပညာရေးကောလိပ်သင်တန်းခန်းမ၌ ကျင်းပသော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒီလိုထောက်ပံ့ပေး ခြင်းသည် နိုင်ငံတော်သမ္မတချမှတ်ထားသော ဆင်းရဲနွမ်းပါးမှု … Read more
