လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၆) ရက်နေ့မှ နိုဝင်ဘာလ (၉) ရက်နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူမှုစောင့်ရှောက်ရေးဝန်ထမ်းစေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်း (၂၀/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၆) ရက်နေ့တွင် ထားဝယ်မြို့၊ မူကြိုကျောင်း၌ ဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများကို နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ (၇) ရက်နေ့တွင် ထားဝယ်မြို့၊ ပညာရေးကောလိပ်သင်တန်းခန်းမ၌ ကျင်းပသော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲသို့ တက်ရောက်ပြီး ဒီလိုထောက်ပံ့ပေး ခြင်းသည် နိုင်ငံတော်သမ္မတချမှတ်ထားသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်း ဖြစ်တဲ့အပြင် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများကို တက်အားသမျှ ဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်အဖွင့်အမှာစကားပြောကြားပါသည်။ အစီအစဉ်အရ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ချက်များအား ပြောကြားပါ သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် ထားဝယ်မြို့နယ်အတွင်းရှိ လေးထပ် ကျောင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၈၆.၀၃) သိန်း၊ ပိန္နဲတောရပ် (ဇေယျာဘုမ္ပိ) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၈၅.၁၃) သိန်း၊ ကြက်စားပြင်လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာအတွက် (၁၂) သိန်းနှင့် ထားဝယ်ဘိုးဘွားရိပ်သာ အတွက် (၄.၀၅) သိန်း၊ ရေးမြို့နယ်အတွင်းရှိ သာသနာဒယကျောင်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၄.၆၀) သိန်း၊ သရက်ချောင်း မြို့နယ်၊ ကမြိုင်ရွာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅.၄၀) သိန်း၊ ထားဝယ်ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂၆) ကျောင်းအတွက် (၁၅၆) သိန်း၊ မြိတ်မြို့နယ်အတွင်း ရှိ တောင်သာယာဘိုးဘွားရိပ်သာအတွက် (၃၂.၈၀) သိန်း၊ တိုင်းရင်းသားလူငယ်များ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် (၂၅.၅၀) သိန်းနှင့် ဗုဒ္ဓဘာသာမိဘမဲ့အမျိုးသမီးပရဟိတဂေဟာ အတွက် (၁၈.၂၀) သိန်း၊ တနင်္သာရီမြို့နယ်၊ ပကျေးရွာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၇.၅၀) သိန်း၊ ပုလောမြို့နယ်၊ ပလောက်ကျေးရွာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂.၄၀) သိန်း၊ မြိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၁၇) ကျောင်း အတွက် (၁၀၂) သိန်း၊ ကော့သောင်းမြို့နယ်၊ ရွှေတောင်ဦးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၂၁.၃၀) သိန်း၊ ကော့သောင်းခရိုင်းအတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၂) ကျောင်းအတွက် (၁၂) သိန်း၊ စုစုပေါင်း ကျပ်သိန်းပေါင်း (၆၃၅.၂၅) သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး ဂေဟာ အုပ်ချုပ်ရေးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လူမှုစောင့်ရှောက်ရေးဝန်ထမ်းစေတနာ့ဝန်ထမ်းလူငယ်များ နှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြ သင်တန်း (၂၀/၂၀၁၄) ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ပြီး ဒီလိုဆောင်ရွက်နေခြင်းသည် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားပါသည်။ ၎င်းနောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်မှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် ကျေးရွာ (၂၀) ရွာမှ လူထုလူတန်းစားမရွေး လူငယ်များအတွက် လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်း (၅၀) ဦးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (၅၀) ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုများအား ကြည့်ရှု၍ လူငယ်မောင်မယ်များကို အားပေးစကားပြောကြားခဲ့ပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့တွင် ဝန်ကြီးဌာနမှ လှူဒါန်းထားသည့် တည်ဆောက်ပြီးသော ထားဝယ်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးမှူးရုံး တည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။

နိုဝင်ဘာလ (၉) ရက်နေ့တွင် ကော့သောင်းမြို့၌ ခရိုင်ကယ်ဆယ်ရေးဂိုဒေါင်နှင့် ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။ ဆက်လက်၍ ဂျပန်အစိုးရနှင့် ပြည်သူများ၏ထောက်ပံ့ငွေဖြင့် အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ လှူဒါန်းထားသည့် လူကုန်ကူးခံရသူများ အတွက် ယာယီစောင့်ရှောက်ရေးဂေဟာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါသည်။

Sign Up

Upcoming Events