လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် မန္တလေးမြို့၊ မိဘမဲ့ကလေးပြုစုရေးဌာနသို့ ရောက်ရှိခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးပါသည်။ ထို့နောက် လားရှိုးမြို့သို့ရောက်ရှိပြီး ဧကလိမ်မိဘမဲ့ဂေဟာ၊ ရှမ်းမိဘမဲ့ဂေဟာနှင့် လားရှိုးလူငယ်သင်တန်းကျောင်းများသို့ သွားရောက်၍ အဝတ်အထည်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင်၊ မိုးမိတ်ခရိုင်၊ တာချီလိတ် ခရိုင်၊ ကျိုင်းတုံခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက် ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ နည်းပြသင်တန်း (၂၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဒီလိုထောက်ပံ့ပေးခြင်းဟာ နိုင်ငံတော်သမ္မတကြီးချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်းဖြစ်ပါကြောင်း၊ လူငယ်သင်တန်းများဖွင့်လှစ်နေခြင်းဟာ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်းစားပြီး ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားပါသည်။ အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းစာလူက လူမှုစီးပွားဘဝမြှင့်တင်ရေးဆောင်ရွက်ချက်များအား ပြောကြားပါသည်။ ထို့နောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးချွမ်ဟရဲမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်းကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က မိုင်းရမ်းမြို့နယ်၊ ဟိုရလူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက် (၆၁.၃၂) သိန်း၊ လားရှိုးမြို့နယ်အတွင်းရှိ ကက်သလစ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် (၅၂.၈) သိန်း၊ မေတ္တာရင်ခွင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၁.၄) သိန်း၊ ဆင်းရွှေလီဘိုးဘွားရိပ်သာအတွက် (၁၆.၇၉) သိန်း၊ ရှမ်းမိဘမဲ့လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၅.၉) သိန်းနှင့် ဧလိမ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ အတွက် (၁၂.၆) သိန်း၊ ကွမ်းလုံမြို့နယ် တောင်တန်းသာသနာပြု လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၁၆.၅) သိန်း၊ လားရှိုးခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၆) ကျောင်းအတွက် (၉၆) သိန်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ လွယ်ဟွမ်းလူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက် (၇၇.၆၇) သိန်းနှင့် ပန်ရုပ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၃၆.၅) သိန်း၊ မူဆယ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၃) ကျောင်းအတွက် (၁၈) သိန်း၊ နောင်ချိုမြို့နယ် ဟော်တော်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၅၁.၁) သိန်း၊ ကျောက်မဲခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၇) ကျောင်းအတွက် (၄၂) သိန်း၊ မိုးမိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၂) ကျောင်းအတွက် (၁၂) သိန်း၊ တာချီလိတ်မြို့နယ် အတွင်းရှိရွှေတောင်တန်းလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၇၃.၇၃) သိန်း၊ အောင်မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရိဟိတဂေဟာအတွက် (၄၈.၉၁) သိန်း၊ တာချီလိတ်ဘိုးဘွားရိပ်သာအတွက် (၁၃.၈၇) သိန်းနှင့် ပြည့်စုံသက်တာလူငယ်ဖွံ့ဖြိုးရေးပရိဟိတဂေဟာအတွက် (၁၂) သိန်း၊ တာချီလိတ်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၁၇) ကျောင်းအတွက် (၁၀၂) သိန်း၊ မိုင်းဆတ်မြို့နယ်၊ မဟာမြတ်မုနိလူငယ်ဖွံ့ဖြိုးရေးပရိဟိတဂေဟာအတွက် (၂၅.၅) သိန်း၊ ကျိုင်းတုံမြို့နယ် ကျိုင်းတုံဘိုးဘွားရိပ်သာအတွက် (၄.၈) သိန်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၆) ကျောင်းအတွက် (၃၆) သိန်း၊ စုစုပေါင်းကျပ်သိန်းပေါင်း (၈၆၇.၃၉) သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ် ရေးမှူးတစ်ဦး ကကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ထို့နောက်မူကြိုကျောင်းအမှတ် (၁) သို့ရောက်ရှိပြီး ကျေးရွာ (၁၄) ရွာမှ လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ် (၆၀) ဦးနှင့် မန်ဆူဘုန်းတော်ကြီးကျောင်း၌ကျေးရွာ (၁၂) ရွာမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (၆၀)ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုတို့အား ကြည့်ရှု၍ လူငယ်မောင်မယ်များကို အားပေးစကားပြောကြားပါသည်။ ၄င်းနောက် ကျောက်မဲမြို့ မူကြိုကျောင်းအား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။