ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှသဘာဝ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဌာန (ADPC) တို့ပူးပေါင်း၍ (၁၈-၁၁-၂၀၁၄) ရက်နေ့မှ (၂၀-၁၁-၂၀၁၄) ရက်နေ့အထိ နေပြည်တော် (Royal ACE) ဟိုတယ်တွင် “သဘာဝဘေးအန္တရာယ်အလွန် လိုအပ်ချက်များ အကဲ ဖြတ်ဆန်းစစ်ခြင်းနှင့် ပြန်လည်ကောင်းမွန်လာရေးလုပ်ငန်းများ မြန်မာ နိုင်ငံအတွင်း လုပ်ဆောင်ချက်” သင်တန်းဖွင့်လှစ်ခြင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှသဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေးဌာန (ADPC) တို့ပူးပေါင်း၍ (၁၈-၁၁-၂၀၁၄) ရက်နေ့ မှ (၂၀-၁၁-၂၀၁၄) ရက်နေ့အထိ နေပြည်တော် (Royal ACE) ဟိုတယ်တွင် “သဘာဝဘေးအန္တရာယ်အလွန် လိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ” ဆိုင်ရာသင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်အလွန်လိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ချက် လုပ်ငန်းစဉ်မရှိခဲ့လျှင် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အလွယ်တကူ ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ သဘာဝဘေး အန္တရာယ်အလွန် လိုအပ်ချက်များ အကဲဖြတ်ဆန်းစစ်ချက်ရှိခဲ့ပါက နိုင်ငံတော်အစိုးရအပါအဝင် အခြားမိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားသောပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ အကူအညီပေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုနိုင်ပါကြောင်း၊ သင်တန်းရည်ရွယ်ချက်မှာ နိုင်ငံတော်အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အပျက်အစီးအဆုံးအရှုံးများနှင့် လိုအပ်ချက်များကို အကဲဖြတ်ဆန်းစစ်နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်သတ်မှတ်နိုင်ရန် ရည်ရွယ်ပါသည်။ နိုင်ငံတကာမှ လက်ခံကျင့်သုံးနေသောနည်းလမ်းများကို အခြေခံပြီး မြန်မာနိုင်ငံနှင့်ကိုက်ညီသော နည်းပညာများနှင့်ပေါင်းစပ်၍ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍ (၁၅) ခုအတွက် အဆင့် (၇) ဆင့်ဖြင့် ပြုစုထားပါသည်။ သင်တန်းသို့ ဦးစီးဌာန (၂၄) ခုမှ အရာထမ်းသင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို (၂၁-၁၁-၂၀၁၄) ရက်နေ့(၀၉:၃၀) အချိန်တွင်ကျင်းပပြုလုပ်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်ကျော်မှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။

Sign Up

Upcoming Events