ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ နတ်တ လင်းမြို့နယ်ရှိ တာပွန်မြို့တွင် သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်း လူငယ်ဆင့်ပွားသင်တန်း အမှတ် စဉ် (၂/၂၀၁၄) ကို နို၀င်ဘာ (၁၉) ရက် နံနက် (၉) နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ အဆိုပါ သင်တန်း ဖွင့်ပွဲအား နတ်တလင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးဇော်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ရပ်ရွာ လူထု အခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေး Community Based Disaster Risk Reduction (CBDRR) ဘေးအန္တရာယ်ကြုံတွေ့ရဖွယ်ရှိသော ရပ်ရွာလူထုများ၏ ထိခိုက်ခံလွယ်မှုလျော့ ပါးစေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးတို့အတွက် ရပ်ရွာလူထုအနေဖြင့်ရပ်ရွာအတွင်း ဘေးအန္တရာယ် ကြောင့် ဆုံးရှုံးနိုင်ခြေများကို သတ်မှတ်ဖော်ထုတ်ခြင်း၊ ဖြေရှင်းဆောင်ရွက်ခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းတို့တွင် တက်ကြွစွာပါ၀င်ဆောင်ရွက်ပြီး ဘေးအန္တရာယ်ကင်းအောင် ဆုံးရှုံးနိုင်မှု စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းမူလုပ်ငန်းစဉ်ဖြစ်သည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်ကျော်က သင်တန်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ သင်တန်းရည်ရွယ်ချက်အနေဖြင့် သဘာ၀ဘေးကြိုတင်ကာကွယ်ရေးနှင့် ပတ် သက်၍ အမှာစကားပြောကြားခဲ့သည်။ သင်တန်းရည်ရွယ်ချက်အနေဖြင့် သဘာဝဘေးကြိုတင်ကာကွယ် ရေးနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ စုပေါင်း ညီညာအောင်ကြောင်းဖြာ၍ သဘာ၀ဘေးအားကြိုတင်ကာကွယ်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင် ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။ သဘာ၀ဘေးလျော့ပါးရေးစေတ နာ့၀န်ထမ်း လူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၂/၂၀၁၄) ဖွင့်ပွဲအခမ်းအနားတွင် စခန်းမှူးဒုရဲမှူး အောင်နိုင်၀င်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အထောက်အကူပြုအဖွဲ့၀င်များ၊ NGO အဖွဲ့အစည်းများ၊ ကျေးရွာအုပ်စု (၁၈) အုပ်စုမှ သင်တန်းသား (၃၀) ဦးအပါအ၀င် စုစုပေါင်း (၁၀၈) ဦးတက်ရောက်ကြ ကြောင်းသိရသည်။ သင်တန်းကာလမှာ နို၀င်ဘာလ (၁၉) ရက်မှ နို၀င်ဘာ (၂၁) ရက်ထိ ဖြစ်ကြောင်းသိရ သည်။