အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် နေပြည်တော် ဟိုတယ်ဇုန်၊ Royal ACE ဟိုတယ်၌ကျင်းပပြုလုပ်သော လူအများထိခိုက်မှု နှင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှားစကားပြောကြားရာ၌ လူထုလူတန်းစား မရွေး လူငယ်လူရွယ်များ၏ စေတနာ့ဝန်ထမ်းဆောင်ရွက်လိုစိတ်များကို အား ပေးမြှင့်တင်ပြီး သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (နည်းပြ) သင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာမှာ ယခုချိန်ထိ အကြိမ် (၂၀) ဖွင့်လှစ်ခဲ့ပြီး ကျေးရွာပေါင်း (၃၀၀) ကျော်မှ လူငယ်မောင်မယ် (၁၁၀၀) ဦးကျော်ကို လေ့ကျင့်သင်တန်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒီလူငယ်များကလည်း ရပ်ကွက်၊ ကျေးရွာများအတွင်း ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းကို ဧရာဝတီတိုင်းဒေသ ကြီး၊ ဟင်္သာတမြို့နယ်တွင် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် အဆောက် အအုံဆောက်လုပ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်းရှိ နိုင်ငံတကာများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အရေးပေါ်အခြေအနေစီမံကွပ်ကဲမှုဌာနနှင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ကိန်ဂဏန်း များကိုတစ်နေရာတည်းတွင် ရယူနိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကြောင့်ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်စနစ်ထူထောင်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစ္စရေးနိုင်ငံ၏ အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ အတွေ့အကြုံကောင်းများနှင့် သင်ခန်းစာများကိုလေ့လာမှတ်သားပြီး မိမိနှင့်သက်ဆိုင်ရာကဏ္ဍပ်များအလိုက် ပြန်လည်အသုံးချနိုင်ရေး နည်းလမ်း များကို စဉ်းစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ပြောကြားပါသည်။