လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဘုန်းဆွေ၊ ဒေါ်စုစုလှိုင်တို့နှင့်အတူ ဒီဇင်ဘာလ (၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration – IOM) မှ သံအမတ်ကြီး ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swing ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနမှဆောင်ရွက်နေသော လူကုန်ကူးခံရသူများကို ပြန်လည်ပို့ဆောင် ခြင်း၊ နေရပ်ပြန်ပို့ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းပေးနေမှုလုပ်ငန်းများအား ပြန်လည်လက်ခံရေး ဆိုင်ရာစံလုပ်ငန်းဆောင်ရွက်မှုအစီအစဉ် (Standard Operation Procedures – SOP) များ၊ ရန်ကုန်မြို့ရှိ သတင်းအချက်အလက်မျှဝေရေးစင်တာ (Information Center for Trafficked Victims)ဖွင့်လှစ်ဆောင်ရွက်နေမှုများ၊ဖြစ်ရပ်စီမံခန့်ခွဲရေးအစည်းအဝေးများနှင့် လေ့လာ ရေးခရီးစဉ် (Case Management and Case Worker Visits) များ၊ သဘာဝဘေးလျော့ပါး ရေးလုပ်ငန်းများ၊ ဟင်္သာတမြို့တွင် ဖွင့်လှစ်မည့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းကျောင်းအတွက် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး အဖွဲ့အစည်းနှစ်ခုကြား ရင်းနှီးပွင်းလင်းစွာဆွေးနွေးခဲ့ကြသည်။