လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ လိပ်ဥကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် နိုဝင်ဘာလ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ လိပ်ဥကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသော ဖျာပုံခရိုင်အတွင်း သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပါသည်။ အစီအစဉ်အရ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန် ဝန်ကြီးဌာနအနေဖြင့် ဘိုကလေးမြို့နယ်၊ ချောင်းရဲကြီးကျေးရွာ အုပ်စု၊ ဇီးဖြူရွာမကျေးရွာတွင် မုန်တိုင်းဒဏ်ခံ အဆောက်အဦး(Cyclone Shelter) တည်ဆောက်ရန် (၇၅၀) သိန်း၊ ဖျာပုံမြို့နယ် မီးဘေးဒဏ်သင့် အိမ်ထောင်စု (၃) စုအတွက် (၆) သိန်း၊ ဘိုကလေးမြို့နယ် မီးဘေးဒဏ်သင့် အိမ်ထောင်စု (၂) စုအတွက် (၄) သိန်း၊ (၁၈) ရပ်ကွက် လိပ်ဥကုန်းဘုရား ဆွမ်းလောင်းဓမ္မာရုံတည်ဆောက်ရန် သွပ်အချပ် (၅၀) ချပ်၊ ရွှေနတ်ကူ ဘုရားဓမ္မာရုံ ပြန်လည်တည်ဆောက်ရန် သွပ်အချပ် (၅၀၀) ချပ်၊ ဦးအောင်ဇော်မြင့်+ဒေါက်တာမြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီး မိသားစုအနေဖြင့် လိပ်ဥကုန်းဘုရားဆွမ်းလောင်းဓမ္မာရုံတည်ဆောက်ရန် (၅) သိန်းနှင့် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၊ အဘိုးဆောင်ဆောက်လုပ်ရန် (၅) သိန်းတို့ကို သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ပါသည်။ ထို့နောက် ပြည်သူလွှတ်တော် ကိုယ်စားလှယ်ဦးစိုးနိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။ ၄င်းနောက် အိမ်တွင်းမှုလုပ်ငန်းပညာ သင်ကျောင်းအဆောက်အဦး တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။ မွန်းလွဲပိုင်းတွင် ဒေးဒရဲမြို့သို့ရောက်ရှိပြီး ချောင်းဖျားကျေးရွာ၊ ဘုရားတန်ဆောင်း၌ ကျေးရွာလူထုနှင့် တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အားရှင်းလင်းပြောကြားပြီးရွာလုံးကျွတ်မီးလင်းရေးအတွက် ဆိုလာပါဝါ (၁၁၅) စုံအားထောက်ပံ့ပေးပြီး ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှဖွင့်လှစ်ထားသည့် မိဘမဲ့နှင့် ဆင်းရဲသောလူငယ်များ ကျောင်းပညာ ဆက်လက်ပညာသင်ကြားနေမှုအား ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီး မိသား စုမှ ထောက်ပံ့ငွေ (၂) သိန်းကျပ်နှင့် ဝန်ကြီးဌာနမှ တီရှပ်များထောက်ပံ့ ပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အတူ ဒေးဒရဲမြို့နယ် သတ္တမအကြိမ်မြောက် ရှင်ဥပဂုတ္တမထေရ်မြတ်ပင့်ဆောင်ပူဇော်ပွဲသို့ တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events