ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာနှင့် ကော့ပလိုင်ကျေးရွာများအတွင်းရှိ ပြည်သူများသို့ COVID-19 ရောဂါကူးစက် ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊လက်ကမ်းစာ​စောင်များဝေငှခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။     #ar #mon_aug2020 Source – မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်မှု(ဒုတိယလှိုင်း)မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၂၀) ရက်နေ့ ၊ နံနက် (၀၈း၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၂း၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ကံချောင်ကျေးရွာ၊ ကံသာယာကျေးရွာ၊ပျဉ်းမချောင်းကျေးရွာ၊ မဒေါ့ပင်ကျးရွာ၊ တလုပ်စုကျေးရွာ၊ညောင်ချောင်းကျေးရွာ၊ကျုံသွတ်ကျေးရွာ၊ပေါက်တိန်းကျေးရွာနှင့် သမင်ခြံကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၂၉.၇.၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း  အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း … Read more

  • စက်ရေတွင်းတူးဖော်မှုအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ကုန်းကျေးရွာ၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာတို့ရှိ School Cum Shelter (၃)လုံးသည် မိုးရာသီကာလအတွင်း၌ သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါ Shelter(၃)လုံး၌ ၂”ရေတွင်း(၁)တွင်းစီ တူးဖော်ပေးနိုင်ပါရန် သက်ဆိုင်ရာ ကျေးရွာအသီးသီး၏ အုပ်ချုပ်ရေးမှူးများမှ ကုန်ကျစရိတ်တွက်ချက်မှုနှင့်အတူ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခဲ့မှုအပေါ် ခွင့်ပြုခဲ့ပါသဖြင့် (၈-၈-၂၀၂၀)ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာအသီးသီးသို့ သွားရောက်ပြီး​ ရေတွင်း(၁)တွင်းလျှင် ထောက်ပံ့ငွေ(၆၉၃,၉၀၀/-)ကျပ် နှုန်းဖြင့် ရေတွင်း(၃)တွင်းအတွက် စုစုပေါင်း‌ထောက်ပံ့ငွေ(၂,၀၈၁,၇၀၀/-)ကျပ်အား … Read more

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှစတင်၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဂွေးတောက်ကျေးရွာအုပ်စု၊ တောင်စမ်းကျေးရွာ၊ မြောက်စမ်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ​တောင်ကုန်းစခန်းကျေးရွာ၊ ပိတ်ရှည်ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွား​စေရန်နှင့် သဘာဝ​​ဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေ မိဘ​ပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်မှစတင်၍ စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီး ကျေးရွာ၊‌ ရွှေပြည်သာကျေးရွာ၊ ပြည်သိန်းတန်ကျေးရွာ၊ ရွှေသောင်ယံရွာဟောင်းကျေးရွာ၊ သဒ္ဒမ္မကျွန်းကျေးရွာနှင့် ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၊ နံကပ်ကျေးရွာ၊ နံကပ်ပြင်စုကျေးရွာ၊လန်တာကျေးရွာ၊ ဓမ္မင်းကျွန်းမြောက်ကျေးရွာ၊‌ ရွှေသောင်ရွာ သစ်ကျေးရွာ၊ ‌ရေလယ်ကျွန်းကျေးရွာ၊‌ ဓမ္မင်းကျွန်းအရှေ့ကျေးရွာ၊ ဓမ္မင်းကျွန်းအနောက် ကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသော Covid-19 ကူးစက်ပျံ့ပွားမှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ … Read more

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်နေအိမ် (၈)လုံးရှိ အိမ်ထောင်စု(၈)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၇၂၀၀) ကျပ် စုစုပေါင်း ( ၈၆၇၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၉-၈-၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more