လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်မှစတင်၍ စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီး ကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ပြည်သိန်းတန်ကျေးရွာ၊ ရွှေသောင်ယံရွာဟောင်းကျေးရွာ၊ သဒ္ဒမ္မကျွန်းကျေးရွာနှင့် ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၊ နံကပ်ကျေးရွာ၊ နံကပ်ပြင်စုကျေးရွာ၊လန်တာကျေးရွာ၊ ဓမ္မင်းကျွန်းမြောက်ကျေးရွာ၊ ရွှေသောင်ရွာ သစ်ကျေးရွာ၊ ရေလယ်ကျွန်းကျေးရွာ၊ ဓမ္မင်းကျွန်းအရှေ့ကျေးရွာ၊ ဓမ္မင်းကျွန်းအနောက် ကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသော Covid-19 ကူးစက်ပျံ့ပွားမှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်အမိန့်နှင့် ညွှန်ကြား ချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အား အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)