လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှစတင်၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဂွေးတောက်ကျေးရွာအုပ်စု၊ တောင်စမ်းကျေးရွာ၊ မြောက်စမ်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ တောင်ကုန်းစခန်းကျေးရွာ၊ ပိတ်ရှည်ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)