စက်ရေတွင်းတူးဖော်မှုအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ကုန်းကျေးရွာ၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာတို့ရှိ School Cum Shelter (၃)လုံးသည် မိုးရာသီကာလအတွင်း၌ သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါ Shelter(၃)လုံး၌ ၂”ရေတွင်း(၁)တွင်းစီ တူးဖော်ပေးနိုင်ပါရန် သက်ဆိုင်ရာ ကျေးရွာအသီးသီး၏ အုပ်ချုပ်ရေးမှူးများမှ ကုန်ကျစရိတ်တွက်ချက်မှုနှင့်အတူ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခဲ့မှုအပေါ် ခွင့်ပြုခဲ့ပါသဖြင့် (၈-၈-၂၀၂၀)ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာအသီးသီးသို့ သွားရောက်ပြီး​ ရေတွင်း(၁)တွင်းလျှင် ထောက်ပံ့ငွေ(၆၉၃,၉၀၀/-)ကျပ် နှုန်းဖြင့် ရေတွင်း(၃)တွင်းအတွက် စုစုပေါင်း‌ထောက်ပံ့ငွေ(၂,၀၈၁,၇၀၀/-)ကျပ်အား ပေးအပ် ထောက်ပံ့ပေးခဲ့​​ပြီး ကျေးရွာများရှိ School Cum Shelter များ၏ အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg

#ayy_aug2020

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events