လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်နေအိမ် (၈)လုံးရှိ အိမ်ထောင်စု(၈)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၇၂၀၀) ကျပ် စုစုပေါင်း ( ၈၆၇၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၉-၈-၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_aug2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)