ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ နန့်ရင်းရပ်ကွက်နှင့် မြဒေါင် ကျေးရွာအုပ်စု၊ ကွက်သစ်ရပ်ကွက်တို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာပြီး နေအိမ်များတွင် ရေများဝင်ရောက်ခဲ့၍ ယာယီပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်(၁၅)စုမှ လူဦးရေ(၆၃)ဦးတို့အား ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံငွေ(၁၃၂၃၀၀/-)ကျပ်တို့အား (၂၀-၈-၂၀၂၀)ရက်နေ့(၁၅း၀၀)အချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020

  • Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ပိန်းအင်းအုပ်စု၊ (ပိန်းအင်း၊ ဘောတလင်း၊ပြောင်းအင်း)ကျေးရွာတို့တွင် Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ် များနှင့်ပတ်သက်သည့် သဘာဝဘေးအသိ ပညာပေးခြင်းတို့အား လည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့၊ (၀၉း၃၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာနှင့် ဆည်စုကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရေး အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

  • လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ပန်ကူ အိမ်ထောင်စု (၁၀၅)စု၊ လူဦးရေ(၆၃၆)အတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင် ဆပ်ပြာ(၂)ခဲနှုန်းဖြင့် ​စုစုပေါင်းထုံး (၁၀)အိတ်၊ လက်ဆေးဆပ်ပြာ(၁၂၇၂)ခဲ​တို့ကို ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source:  ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀)ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအုပ်စု၊ တံခွန်တိုင်လေးကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂၆၀၀/-)ကျပ်တိတိအား (၂၀-၈-၂၀၂၀)ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ ကျုံတုံးကြီးကျေးရွာအုပ်စုရှိ ရွာသာကြီးကျေးရွာ၊ အိုင်ကလေးကျေးရွာ၊ လက်ပံပင်ကျေးရွာ၊ ဇီးဖြူစုကျေးရွာ၊ သရက်ချောင်းကျေးရွာနှင့် တော်တရလေး ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက် များကို လှည်လည်ဟောပြောခြင်း၊ ဗွီနိုင်းပိုစတာနှင့် ဘေး (၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_aug2020