Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်‌​​​ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၄-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုရှိ ထနီးကျေးရွာ၊ ရွာသစ်စု ကျေးရွာ၊ သံကြိုးတိုင်ကျေးရွာ၊ မအူလေးပင်ကျေးရွာ၊ ကနုံကျေးရွာ၊ပလောင်ကျေးရွာနှင့် ရွှေသစ်ချောင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို  လှည့်လည်ဟောပြော ခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ဘေး (၈) မျိုးလက်ကမ်း စာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2020

Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events