COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၄-၈-၂၀၂၀)ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ ဘိသလွန်ကျေးရွာအုပ်စု၊ (ဘိသလွန်၊ ကရင်တေါ၊ ဗေါဓိ၊ ဝါးရုံစု) ကျေးရွာတို့တွင် နံနက် (၀၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီ အချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်  အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ် မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း၊ အများ ပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍  အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_aug2020

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events