လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်အတွင်း (၂၂.၈.၂၀၂၀)ရက်နှင့် (၂၃.၈.၂၀၂၀)ရက်နေ့များ၌ ချင်းတွင်း မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၈)ရွာ၌ ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စု(၄၇)စုအတွက် ကာဘော် လိပ်ဆပ်ပြာ(၄၇)တောင့် လူဦးရေ(၂၂၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၄၆၈၃၀၀/-) ကျပ်တိတိအား (၂၄.၈.၂၀၂၀)ရက်နေ့ (၁၃:၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ထောက်ပံ့ ခဲ့ပါသည်။ အဆိုပါချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် (၂၁.၈.၂၀၂၀)နေ့တွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ရေဝင်ပြောင်းရွေ့အိမ်စု(၁၅)စုအတွက် ဆပ်ပြာ(၁၅)တောင့်၊ လူဦးရေ(၆၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၁၃၈၆၀၀/-)ကျပ်တိတိအား (၂၄.၈.၂၀၂၀)ရက်နေ့(၁၁:၀၀)အချိန်တွင် ဖောင်းပြင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#sgg_aug2020
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)