ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့ (၀၈း၀၀) အချိန်မှ (၀၉း၀၀) အချိန်အထိ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ဆလီယေကျေးရွာတွင်လည်းကောင်း၊ (၀၉း၃၀)အချိန်မှ(၁၀း၃၀)အချိန်အထိ တောင်ကုတ်မြို့နယ်၊ လက်ယာစတိုင်ကျေးရွာတွင်လည်းကောင်း၊ (၁၃း၁၅)အချိန် မှ (၁၄း၂၀)အချိန်အထိ တောက်ကုတ်မြို့နယ်၊ သလန်ပြင်ကျေးရွာ တွင်လည်းကောင်း၊ (၁၄း၃၀)အချိန် မှ(၁၅း၃၀)အချိန်အထိတောင်ကုတ်မြို့နယ်၊ ရန်မျိုုးကျေးရွာတို့ကို လှည့်လည်၍ COVID-19 ရောဂါကူးစက်ပျံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးနှင့် မုန်တိုင်း ဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၈.၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ လှိုင်းဘွဲ့မြို့ အတွင်းရှိ ပန်းတော်မှီးကျေးရွာ၊ ကြာအင်းကျေးရွာနှင့် ကမော့လဲကျောင်း ကျေးရွာများသို့ COVID – 19 ရောဂါပျံ့နှံ့မှုမဖြစ်ပွား စေရန် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်း၊ ရေဘေး၊ မုန်တိုင်းဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_aug2020 Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ၊ တောင်စွန်းကျေးရွာနှင့် မှိန်စိန်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #tny_aug2020 Source:  ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဆင်တောင်ကျေးရွာအုပ်စု၊ ဝီသဲကူး(မြောက်)ကျေးရွာ၊ ဝီသဲကူး(တောင်)ကျေးရွာ၊ ကင်္ပ္ပာယ်ခူကျေးရွာများရှိ ပြည်သူများအား COVID-19ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_aug2020

  • Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာ၊ ခါးပြတ်ကျေးရွာ၊ ကမန္တာကျေးရွာ၊ ပက်ပြဲကျေးရွာ၊ အေးကုန်း ကျေးရွာ၊ အောင်လှိုင်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွား လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးအသိပေးချက်များကို လှည့် လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၌ ၂၀၂၀ ခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် ချင်းတွင်းမြစ်ကမ်း ဘေးဝဲယာနှင့် မြေနိမ့်ပိုင်းနေရာများသို့ ရေ၀င်ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့် ခန္တီးမြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၂)ခုနှင့် ကျေးရွာ (၉) ရွာမှ စုစုပေါင်းအိမ်ထောင်စု (၂၇၂) စု၊ လူဦးရေ (၁၃၃၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၂,၈၀၃,၅၀ဝ/-) ကျပ်၊ ဆပ်ပြာ(၂၇၂)တောင့်နှင့် နှာခေါင်းစည်း(၁၃၃၅)ခုတို့အား (၂၀-၈-၂၀၂၀) ရက်နေ့၊ … Read more