လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အုတ်ဖို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#bgo_aug2020

Sign Up

Upcoming Events