Latest News
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြင်းဖြူကြီးကျေးရွာ၊ ချောက်ချောင်း ကျေးရွာနှင့် ပိတိုင်ကျေးရွာတို့တွင် လော်စပီကာ၊Memory stick နှင့်Hand Speaker တို့ဖြင့် Covid-19 လတ်တရောဂါအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လှည့်လည် ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများ ဝေငှခဲ့ကြောင်း … Read more
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ညောင်ပင် သာယာကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဥရှစ်ကုန်းကျေးရွာနှင့် ကြာအင်းကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့ ၊ (၁၁:၀၀)နာရီမှ(၁၄:၀၀)နာရီအချိန်ထိ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက် တို့တွင် COVID-19 ကူးစက်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မိုး ရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး ၊ မြေပြိုဘေးအန္တာရယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၂၀) ရက်နေ့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ကဲတောင်ကျေးရွာအုပ်စု၊ ကဲတောင်ကျေးရွာမှ ပြောင်းရွှေ့ အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်နှင့် ဆပ်ပြာ(၂)တောင့်တို့အား (၂၄- ၈-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_aug2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက် နေ့၊ (၁၂:၃၀) နာရီအချိန်ခန့်၌ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာ အုပ်စု၊ ကုလားစုကျေးရွာတွင် ရေတိုက်စားမှုကြောင့် ကမ်းပြိုကျ၍ ကြိုတင်ရွှေ့ပြောင်းခဲ့ သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် လူဦးရေ (၆) ဦးတို့အတွက် (၇) ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀ဝ/-) ကျပ်၊ စုစု ပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀ဝ/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့ (၁၁:၁၅) … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၄)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဖောင်းပြင်မြို့တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် မော်လိုက်မြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ … Read more









