Latest News
-
ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့၊ ကံမမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မြဝတီကျးရွာအုပ်စု၊ မြဝတီကျေးရွာနှင့် ဓမ္မသော် ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ် (၁၈) လုံး၊ အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၇၀) ဦး ရေဘေးသင့် ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါ ရေဘေးသင့် ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ဖိုးငွေ (၁၄၇,၀၀၀/-) ကျပ်အား (၁-၉-၂၀၂၀) ရက်နေ့၊ … Read more
-
ရေဘေးထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်မြို့နယ်၌ (၃၀-၈-၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းအုပ်စု၊ ဇလုံအုပ်စုနှင့် အနောက်လက္ခုပ္ပင်အုပ်စုများမှ ပြောင်းရွှေ့ အိမ်ထောင်စု (၇၁)စု၊ လူဦး ရေ (၃၁၉)ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း(၆၆၉၉၀၀) ကျပ်၊ အိမ်ထောင်စု (၁)စုလျင်ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၇၁)တောင့်နှင့် Surgical Mask (၆၃၈)ခုတို့အား (၃၁-၈-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ Covid19 ကူးစက်ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ဘေး စသော သဘာဝဘေးများနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်များကို ကလေးမြို့နယ်အတွင်းရှိ ဒိုးဝိုင်းချောင်းကျေးရွာ၊ ညောင်တောကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ ပျဉ်းခုံကြီးကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ သာယာကုန်ကျေးရွာ၊ လက်ပံ ချောင်းကျေးရွာ၊ မြောက်ချောတောကျေးရွာ၊ ပျဉ်းတောဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့ တွင် … Read more
-
Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) မှ (၁၄:၀၀) အချိန်ထိ ကျိုက်မရောမြို့နယ်၊ ခနောင်ကျေးရွာနှင့် ကလိုင်းကနိုင်ကျေးတို့တွင် Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလတွင်ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တာရယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းတို့အား ပြုလုပ်ခဲ့ပြီး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_sep2020
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နတ်မောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၈:၃၀) မှစတင်၍ နတ်မောက်မြို့ပေါ်ရပ်ကွက်များအတွင်း COVID-19 ကူးစက်ရောဂါ ဒုတိယလှိိုင်းမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်ဆောင်ရန်ရှောင်ရန်များကို ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအား ပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: နတ်မောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









