ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့၊ ကံမမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ မြဝတီကျးရွာအုပ်စု၊ မြဝတီကျေးရွာနှင့် ဓမ္မသော် ကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ် (၁၈) လုံး၊ အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၇၀) ဦး ရေဘေးသင့် ပြောင်းရွှေ့ခဲ့ရပြီး အဆိုပါ ရေဘေးသင့် ပြောင်းရွှေ့ပြည်သူများအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ဖိုးငွေ (၁၄၇,၀၀၀/-) ကျပ်အား (၁-၉-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) အချိန်တွင် ကံမမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#mgy_sep2020

Sign Up

Upcoming Events