လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်မြို့နယ်၌ (၃၀-၈-၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းအုပ်စု၊ ဇလုံအုပ်စုနှင့် အနောက်လက္ခုပ္ပင်အုပ်စုများမှ ပြောင်းရွှေ့ အိမ်ထောင်စု (၇၁)စု၊ လူဦး ရေ (၃၁၉)ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း(၆၆၉၉၀၀) ကျပ်၊ အိမ်ထောင်စု (၁)စုလျင်ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၇၁)တောင့်နှင့် Surgical Mask (၆၃၈)ခုတို့အား (၃၁-၈-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#bgo_sep2020
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)