Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ  ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ  (၁၂:၀၀) နာရီအချိန်အထိ  Covid19 ကူးစက်ရောဂါ ကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ဘေး စသော သဘာဝဘေးများနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်း စာစောင်များကို ကလေးမြို့နယ်အတွင်းရှိ ဒိုးဝိုင်း‌ချောင်းကျေးရွာ၊ ညောင်တောကျေးရွာ၊ ဆည်ကြီးကျေးရွာ၊ ပျဉ်းခုံကြီးကျေးရွာ၊ ပြည်တော်သာကျေးရွာ၊ သာယာကုန်ကျေးရွာ၊ လက်ပံ ချောင်းကျေးရွာ၊ မြောက်ချောတောကျေးရွာ၊ ပျဉ်းတောဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာတို့ တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#sgg_sep2020

Sign Up

Upcoming Events