Latest News
-
Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ တကောင်းရပ်ကွက်၊ ဖုန်ကုန်းရပ်ကွက်၊ ထီးချိုင့်ရပ်ကွက်၊ သီးကုန်းရပ်ကွက်များရှိ ကျေးရွာ(၆)ရွာတို့၌ Covid-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက် ရမည့်အချက်များ၊ မိုးရာသီတွင် ဖြစ်တတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ပြည်သူသို့ အသိပညာပေးပန်ကြား ချက်များအား လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာ၌ (၃၁-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် ၉ လုံး၊ အိမ်ထောင်စု ၉ စုမှ လူဦးရေ ၂၆ ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၅၄၆၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၉၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၅၄၆၀၀/-) ကျပ်တိတိအား (၁-၉-၂၀၂၀) ရက်နေ့၊ (၁၃:၄၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး၊ ကျေးရွာတာဝန်ရှိသူများနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀)ရက်နေ့တွင် ထားဝယ်မြို့နယ်၊ မေတ္တာမြို့နှင့် ဟိန္ဒား ကျေးရွာတို့တွင် လော်စပီကာတို့ဖြင့် Covid-19 လတ်တလောအသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါနှင့်ပက်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ရေဘေး၊ မြေပြိုဘေးနှင့်မိုးကြိုးဘေးစသည့် သဘာဝဘေးအန္တရာယ်နှင့်ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့အသိပညာပေးပန်ကြားချက်များ အားလှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020
-
COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ အောက်ရှိ ကျေးရွာများသို့ Covid-19 ဒုတိယလှိုင်းပြန့်ပွားမှုကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထု မှ လိုက်နာဆောင်ရွက်စေရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျေးရွာများ အရောက် ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_sep2020
-
Covid-19 ကူးစက်ရောဂါနှင့် မိုးရသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက် များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်ကျေးရွာ၊ တပ်ပိုးကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ပေါက်တောကျေးရွာနှင့် ရွာမကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
IDP စခန်းရှိ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်း၌ နေထိုင်သူများအား COVID-19 စီးပွားရေးကုသမှုအစီအစဥ် ( COVID-19 Economic Relief Plan- CERP)အရ စားသောက်ကုန် (၅)မျိုး(ဆန်၊ဆီ၊ဆား၊ပဲ၊ကြက် သွန်နီ)ဝယ်ယူရန် အိမ်ထောင်စု(၃၆၃)စု၊လူဦးရေ(၁၀၁၀)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင်(၄၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၄၅၂၀၀၀၀/-)အား(၁-၉-၂၀၂၀) ရက်နေ့ နေ့လယ် (၁၄း၄၀)အချိန်တွင် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ IDPစခန်းစီမံခန့်ခွဲမှု ကော်မတီဝင်များထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_sep2020 Source: … Read more









