COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ အောက်ရှိ ကျေးရွာများသို့ Covid-19 ဒုတိယလှိုင်းပြန့်ပွားမှုကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထု မှ လိုက်နာဆောင်ရွက်စေရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ ပေးလှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျေးရွာများ အရောက် ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_sep2020

Sign Up

Upcoming Events