IDP စခန်းရှိ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး IDP စခန်း၌ နေထိုင်သူများအား COVID-19 စီးပွားရေးကုသမှုအစီအစဥ် ( COVID-19 Economic Relief Plan- CERP)အရ စားသောက်ကုန် (၅)မျိုး(ဆန်၊ဆီ၊ဆား၊ပဲ၊ကြက် သွန်နီ)ဝယ်ယူရန် အိမ်ထောင်စု(၃၆၃)စု၊လူဦးရေ(၁၀၁၀)ဦးတို့အတွက် အိမ်​​ထောင်စု(၁)စုလျှင်(၄၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၄၅၂၀၀၀၀/-)အား(၁-၉-၂၀၂၀) ရက်နေ့ နေ့လယ် (၁၄း၄၀)အချိန်တွင် ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ IDPစခန်းစီမံခန့်ခွဲမှု​​​​​ ကော်မတီဝင်များထံသို့ လွှဲ​​ပြောင်း​ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#rke_sep2020

Source:                 ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events