
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ တကောင်းရပ်ကွက်၊ ဖုန်ကုန်းရပ်ကွက်၊ ထီးချိုင့်ရပ်ကွက်၊ သီးကုန်းရပ်ကွက်များရှိ ကျေးရွာ(၆)ရွာတို့၌ Covid-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ လိုက်နာ ဆောင်ရွက် ရမည့်အချက်များ၊ မိုးရာသီတွင် ဖြစ်တတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များနှင့် ပြည်သူသို့ အသိပညာပေးပန်ကြား ချက်များအား လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သပိတ်ကျင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mdy_sep2020