လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကျွန်းလေးကျေးရွာနှင့် ကင်မွန်းချုံကျေးရွာများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၈-၉-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃) လုံး၊ ဒေါဝိကျေးရွာအုပ်စု၊ ဒေါဝိကျေးရွာအတွင်း မျောပါနေအိမ် (၁) လုံး၊ စုစုပေါင်းနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄)သိန်းကျပ်၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၃၁၅၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ ၃အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)အိမ်ထောင်စာတို့အား (၉-၉-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ မြို့နယ်ထွေ/အုပ်မှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စုမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်ပူးပေါင်း၍ ကဒဲပဝတ်ကုန်း၊ ပဝတ်ဖျားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများ ပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #tny_sep2020

  • Covid-19 ကူးစက်မှု (ဒုတိယလှိုင်း) မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးနှင့်စပ်လျဉ်း၍ ဆောင်ရန် ရှောင်ရန်များ ပါဝင်သည့်လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ကျောက်ဆောင်စမ်းကျေးရွာအုပ်စု၊ ကျောက်ဆောင်စမ်းကျေးရွာ၊ စည်ပင်လှကျေးရွာနှင့် ဒေါင်းလှကျေးရွာများအတွင်း Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပြန့်ပွားစေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရမည့်အချက်များအား အသိပေးပန်ကြားခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် မူဆယ်မြို့နယ်၊ တောင်ရပ်ကွက်၌ Covid-19 ဒုတိယ လှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များအသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • Covid-19 ကူးစက်မှု (ဒုတိယလှိုင်း) မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာနှင့် မြင်းဇာကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း မပြန့်ပွားစေရန်နှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝ ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)