
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာအုပ်စုမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖွဲ့များနှင့်ပူးပေါင်း၍ ကဒဲပဝတ်ကုန်း၊ ပဝတ်ဖျားကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ပတ်သက်၍ အများ ပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#tny_sep2020