လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့တွင် ကျောက်ဆောင်စမ်းကျေးရွာအုပ်စု၊ ကျောက်ဆောင်စမ်းကျေးရွာ၊ စည်ပင်လှကျေးရွာနှင့် ဒေါင်းလှကျေးရွာများအတွင်း Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပြန့်ပွားစေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရမည့်အချက်များအား အသိပေးပန်ကြားခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သည့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို ဆောင်ရွက်ကြောင်း သတင်းရရှိပါသည်။
Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)