Latest News
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ်၊ သမန်းခင်ကျေးရွာ၊ ရေအိုးစဉ်ကျေးရွာ၊ ဒေါမကွင်းကျေးရွာ၊ ဆိုးပုံကွင်းကျေးရွာ၊ ကွင်းဝိုင်းကျေးရွာနှင့် အင်တောကန် ကျေးရွာများတွင် (၁၂-၉-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ဆော်ဩခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #bgo_sep2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာအုပ်စု၊ ကော့ပြင်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ မြောင်ဦးကျေးရွာ၊ ကျောင်းစုကျေးရွာ၊ မြောင်ရိုးကြီးကျေးရွာအုပ်စု၊ မြောင်ရိုးကြီးကျေးရွာနှင့် ညောင်ပင်စိတ်ကျေးရွာများတွင် (၁၁-၉-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး ဆော်ဩခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ်အတွင်း COVID-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ဖြူးမြို့နယ်၊ စျေးရပ်ကွက်တွင် စိုက်ထူထားသော ရေဘေးအသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးနှင့် ကျောက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျောက်ကြီးမြို့နယ်အတွင်း COVID-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်တွင် စိုက်ထူထားသော ရေဘေးအသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2020 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ (၁၁၆၅)ဦးအတွက် paris ဆပ်ပြာ (၁၁၆၅)ခဲ နှင့် ထုံးအိတ် (၁၀)အိတ်နှင့် မံဝိန်းကြီးကက်သလစ် IDPs စခန်းမှ အိမ်ထောင် စု (၅၉၁)စု၊ လူဉီးရေ (၃၁၉၇)ဦးတို့အတွက်ဆပ်ပြာ(၃၁၉၇)နှင့် ထုံး(၁၀)အိတ်တို့အား မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် (၁၂-၉-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျောင်းကုန်း၊ ဘိုးသာအောင်ကုန်း၊ စခန်းကြီး၊ ညောင်ပင်ကုန်း၊ မြောက်ကုန်းကြီး၊ ဘုရားငါးဆူ၊ ပျဉ်းပင်ကန်၊ ဘွဲ့ပင်ကန်၊ အုန်းသုံးပင်ကျေးရွာများနှင့် ဈေး(၂)ရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး … Read more









