လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဖြူးမြို့နယ်အတွင်း COVID-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ဖြူးမြို့နယ်၊ စျေးရပ်ကွက်တွင် စိုက်ထူထားသော ရေဘေးအသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#bgo_sep2020
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)