Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ (၁၁၆၅)ဦးအတွက် paris ဆပ်ပြာ (၁၁၆၅)ခဲ နှင့် ထုံးအိတ် (၁၀)အိတ်နှင့် မံဝိန်းကြီးကက်သလစ် IDPs စခန်းမှ အိမ်ထောင် စု (၅၉၁)စု၊ လူဉီးရေ (၃၁၉၇)ဦးတို့အတွက်ဆပ်ပြာ(၃၁၉၇)နှင့် ထုံး(၁၀)အိတ်တို့အား မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် (၁၂-၉-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#bgo_sep2020

Source:             ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events