လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက် တို့၌ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စုနှင့် သပြေတန်းကျေးရွာတို့တွင် လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ချောင်းငယ်အုပ်ချုပ်ရေးမှူး၊ ချောင်းကြီးအုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၄-၉-၂၀၂၀) ရက်နေ့၊ (၁၈:၀၀) နာရီမှ (၂၁:၃၀) နာရီထိ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ ချောင်းကြီးရပ်ကွက်နှင့် တံတားထိပ်၌ Covid-19 အသိပညာပေးခြင်း၊ ပိုစတာများဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များနှင့် mask များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ သီရိရတနာရပ်ကွက်တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှတစ်ခု ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန် … Read more

  • COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေတာရှည်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက် မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အ.ထ.က (၁) ကျောင်းရှေ့တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု … Read more

  • ဒဏ်ရာရပြည်သူအတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ မန်စံကျေးရွာ၌ (၁၃-၉-၂၀၂၀) ရက်နေ့၊ (၁၇:၅၀) နာရီအချိန်တွင် နွားမွေးမြူရေးခြံတံခါးအတွင်း ကျွဲရိုင်းဗူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းအား နွား(၁)ကောင်နင်းမိရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဦးကူးမား(ခ)ဦးကိုပီး အသက်(၄၅)နှစ်သည် ဘယ်ခြေထောက်၊ ညာနောက်ကျောနှင့် ညာနထင်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ မန်စံတိုက်နယ်ဆေးရုံမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး အဆိုပါဒဏ်ရာရပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၄-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_sep2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့တွင် (၁၉:၀၀) နာရီမှ (၂၂:၀၀) အချိန်ထိ ရေစကြိုမြို့ပေါ်ရှိ အမှတ် (၅/၆/၇/၈) ရပ်ကွက်များသို့ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • COVID-19 ရောဂါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အုတ်တွင်းမြို့နယ်အတွင်း COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ နဝဒေးလမ်း၊ ပဲခူးရပ်ကွက်တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှတစ်ခု ရောဂါကူးစက်ပြန့်ပွားမှုများ … Read more