
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန်နှင့် ပြည်သူများအကြား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပိုမိုတိုးပွားစေရန်အတွက် (၁၄-၉-၂၀၂၀) ရက်နေ့တွင် ထန်းတပင်မြို့နယ်၊ သီရိရတနာရပ်ကွက်တွင် စိုက်ထူထားသော သဘာဝဘေး အသိပညာပေး ဗီနိုင်းအစား COVID-19 ရောဂါ အသိပညာပေးဗီနိုင်းဖြင့် လဲလှယ်စိုက်ထူပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသော အသိပေးကြေ ငြာချက် များကို လိုက်နာခြင်းအားဖြင့် ပြည်သူတစ်ဦးမှတစ်ဦး၊ တစ်အိမ်မှတစ်အိမ်၊ ရပ်ကွက်တစ်ခုမှတစ်ခု ထိုမှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှတစ်ခု ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားစေရန် ကူညီရာရောက်သည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် အဘက်ဘက်သောကဏ္ဍများ၌ ဖွံ့ဖြိုးမှုအရှိန်ကို ပြန်လည်ရရှိစေနိုင်ရန်အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_sep2020