ဒဏ်ရာရပြည်သူအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စု၊ မန်စံကျေးရွာ၌ (၁၃-၉-၂၀၂၀) ရက်နေ့၊ (၁၇:၅၀) နာရီအချိန်တွင် နွားမွေးမြူရေးခြံတံခါးအတွင်း ကျွဲရိုင်းဗူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းအား နွား(၁)ကောင်နင်းမိရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဦးကူးမား(ခ)ဦးကိုပီး အသက်(၄၅)နှစ်သည် ဘယ်ခြေထောက်၊ ညာနောက်ကျောနှင့် ညာနထင်မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့၍ မန်စံတိုက်နယ်ဆေးရုံမှ လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး အဆိုပါဒဏ်ရာရပြည်သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်အား (၁၄-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_sep2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events