Latest News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လားရှိုးမြို့နယ်၊ ကောင်းကြဲ(ပိတ်)ကျေးရွာအုပ်စု၊ ဖိုင်လုံကျေးရွာနှင့် နားမွန်းကျေးရွာနှင့် ကုန်းစုံကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020
-
Covid-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း Facility Quarantinen Center အဖြစ်အသုံးပြုခဲ့သော Multi Purpose Shelter ၌ လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြိုနယ်၊ ကသပေါင်းကျေးရွာ၊ ကသပေါင်း Multi Purpose Shelter တွင် Covid-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုခဲ့သည့်အတွက် လက်ဆေးဘေစင်နှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်တပ်ဆင်ရန်ကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_sep2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့ပေါ်ရှိ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
CERP အစီအစဉ်အရ မင်းပြားမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူများအတွက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုများဆောင်ရွက်
စက်တင်ဘာလ (၁၅)၊ နေပြည်တော် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) အရ ရခိုင်ပြည်နယ်အတွင်းရှိ IDP/ တိုက်ပွဲရှောင်စခန်းများမှ နေရပ်စွန့်ခွာအိမ်ထောင်စုများအား စားသောက်ကုန်(၅)မျိုးဝယ်ယူရန် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၄၀,၀၀ဝိ/-)နှုန်းဖြင့်ထောက်ပံ့ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါ သည်။ အဆိုပါ CERP အစီအစဉ်အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန်အတွက် မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု၊ ကျွန်းတောရွှေဖောင်တော ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၇၂)စု၊ ပန်းမြောင်းအုပ်စု၊ ရွာသစ်ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၅၀)စု၊ နရမ်းအုပ်စု၊ နရမ်းရွာကြီးဓမ္မာရုံရှိ အိမ်ထောင်စု(၅၇)စု၊ နရမ်းအုပ်စု ဘုန်းတော်ကြီးကျောင်းရှိ အိမ်ထောင်စု(၇)စု၊ … Read more
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၉.၂၀၂၀) ရက်နေ့ ၊ နေ့လည် (၁၃းဝဝ) နာရီအချိန်မှစ၍ ညနေ (၁၆းဝဝ) နာရီအချိန်အထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ပေါ်ရပ်ကွက်များဖြစ်ကြသော မြို့မဈေးရပ်ကွက်၊ မြစိမ်းရပ်ကွက်၊ သီရိဟေမာရပ်ကွက်တို၊ ပုလဲအောင်မြေရပ်ကွက်၊ နဒီအောင်မြေရပ်ကွက်၊ ကမ်းနားရပ်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအသိပညာပေးဆောင်ရွက်ခြင်းများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ် မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် (၁၂.၉.၂၀၂၀)ရက်နေ့ ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၃)အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)၊ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁၅၀ဝိ/-) နှင့် တုတ်ကြီးကျေးရွာအုပ်စု၊ သံပုရာကုန်းကျေးရွာ (၁၄.၉.၂၀၂၀)ရက်နေ့ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု (၂ )စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝိ/-)၊ လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈၉၀ဝိ/-)၊ စုစုပေါင်း(၂၁၈၉၀ဝိ/-)တို့အား (၁၅.၉.၂၀၂၀)ရက်နေ့ (၁၁:၃၀)အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_sep2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)









