
မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၉-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ချေါင်းနက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၅)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၂၂)ဦးတို့အတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံငွေ (၄၆၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၅၄၆၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး(၅)အိမ်ထောင်စာတို့အား (၁၇-၉-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊မြို့နယ်လူငယ်ရေးရာအတွင်းရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#bgo_sep2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)