လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၁၇-၉-၂၀၂၀) ရက်နေ့ (၀၈:၀၀)အချိန်မှ(၀၉:၀၀)အချိန်ထိ သံတွဲမြို့နယ်၊ မျှားချောင်းရွာသစ်ကျေးရွာတွင်လည်းကောင်း၊ (၀၉:၃၀)အချိန် မှ(၁၀:၃၀)ထိ သံတွဲမြို့နယ်၊ မျှားချောင်းရွာမကျေးရွာတွင်လည်းကောင်း၊ (၁၁:၀၀)မှ (၁၂:၀၀)ထိ သံတွဲမြို့နယ်၊ မဒေးကျးရွာတွင်လည်းကောင်း၊ (၁၃:၀၀)မှ (၁၄:၀၀)ထိ သံတွဲမြို့နယ်၊ ဇလွန်ကျေးရွာတွင်လည်းကောင်း၊ (၁၄:၀၀)နာရီမှ (၁၅:၀၀)ထိ သံတွဲမြို့နယ်၊ ရေဖြူအိုင်ကျေးရွာတွင်လည်းကောင်း၊ (၁၅:၀၀)နာရီမှ (၁၆:၀၀)အချိန်ထိ သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျးရွာတွင် လည်းကောင်း၊ (၁၆:၀၀)နာရီမှ (၁၇:၀၀)အချိန်ထိ သံတွဲမြို့နယ်၊ သာယာကွင်းကျေးရွာတွင် လည်းကောင်းလှည့်လည်၍ COVID-19ရောဂါကူးစက်ပျံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_sep2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)