Latest News
-
တောင်တရုတ်ပင်လယ်ပြင်အတွင်းဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နိုလ်(NOUL)နှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ (၁၄၀၀)နာရီအချိန်ထုတ်ပြန်သည့် အပူပိုင်းမုန်တိုင်း နို(လ်)”(NOUL) နှင့်ပတ်သက်သည့် သတိပေးချက်အမှတ်စဉ် (၀၂/၂၀၂၀)အရ တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “နို(လ်)”(NOUL)သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့ (Danang)အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး၊ လာအိုနိုင်ငံပေါ်တွင် ဆက်လက်တည်ရှိနေကြောင်း၊ အဆိုပါ အပူပိုင်းမုန်တိုင်း”နို(လ်)”(NOUL)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ယနေ့ညနေပိုင်းတွင် ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ထိုင်းနိုင်ငံပေါ်သို့လည်းကောင်း၊ (၁၉.၉.၂၀၂၀) ရက်နေ့တွင် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသများသို့လည်းကောင်း ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရကြောင်းနှင့် အဆိုပါ အပူပိုင်းမုန်တိုင်း“နို(လ်)”(NOUL)၏ အရှိန်ကြောင့် (၁၈-၉-၂၀၂၀) ရက်နေ့မှ … Read more
-
COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာန၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လားရှိုးမြို့နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ နောင်မွန် ကျေးရွာနှင့် ကောင်းသပြေကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေး အမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာခေါင်စည်း ကိုအသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ COVID-19 ကာကွယ်ရေး … Read more
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့တွင် မအူပင်ခရိုင်၊ ဓနုဖြူမြို့ပေါ်ရှိအမှတ်(၁၂)ရပ်ကွက်နှင့် အမှတ်(၁၃)ရပ်ကွက်တို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၈-၉-၂၀၂၀) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ လွယ်လုံကျေးရွာ၊ ဝမ်ပေါက်ကျေးရွာ၊ ဝမ်ကိန်ကျေးရွာ၊ ဟွေလုံကျေးရွာနှင့် ဝမ်ပြန်ကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့နယ်၊ မုံးကွန်ဝကျေးရွာနှင့် ဖာလင်ကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေး ဆိုင်ရာအသိပညာပေးခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေ၌ (၁၈-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု မှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၀၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀/-) ကျပ်တိတိအား (၁၈-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) … Read more









