ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေ၌ (၁၈-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု မှ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၀၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀/-) ကျပ်တိတိအား (၁၈-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_sep2020

Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events